Company Information

Company Registration No: 119847613

Overseas Employment Agency Licence No: 83/2022

Date of Incorporated: 5-4-2019

Business Address: No(1031), 3rd Floor, Thumingalar Rd, 6 Quarter, South Okkarlapa Ts, Yangon

Telephone No: 09779277002, 09442443925

Email: goenmyanmar@gmail.com

Website: www.goenmyanmar.com

Image 1
Image 2
Image 3

About GOEN Myanmar Co.,Ltd

  • 2018 ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊သင်္ကန်းကျွန်းမြို့နယ်၌ GOEN JAPANESE LANGUAGE CLASS အမည်ဖြင့် ဂျပန်စာသင်တန်းကျာင်းအား စတင်ဖွင့်လှစ်ခဲ့ပါသည်။
  • 2019 ခုနှစ်တွင် GOEN MYANMAR COMPANY LIMITED အမည်ဖြင့် ရင်းနှီးမြှပ်နံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)၏ဖွဲ့စည်းမှတ်ပုံတင်ခွင့်ရရှိခဲ့ပါသည်။
  • 2022 ခုနှစ် 5 လပိုင်းတွင် အလုပ်သင်လုပ်သား ပို့ဆောင်ခြင်းအတွက် လုပ်ငန်းလိုင်စင် ရရှိခဲ့ပါသည်။
  • 2022 ခုနှစ် 7လပိုင်းတွင် GOEN LANGUAGE & TRAINING Center အမည်ဖြင့်ရန်ကုန်တိုင်းဒေသကြီး၊တောင်ဥက္ကလာမြို့နယ်၊သံသုမာလမ်းမကြီး တွင် ပြန်လည် ဖွင့်လှစ်နိင်ခဲ့ပါသည်။
  • 2023 ခုနှစ် 1 လပိုင်းတွင် GOEN Language & Training Center (ပဲခူး)အားဖွင့်လှစ်နိုင်ခဲ့ပါသည်
  • 2023 4လပိုင်းတွင် ကျွမ်းကျင်လုပ်သားပို့ ဆောင်ခွင့် လိုင်စင်ထပ်မံရရှိခဲ့ပါသည်။
  • 2023 8 လပိုင်းတွင် GOEN Language & Training Center (အင်းစိန်)အားဖွင့်လှစ်နိုင်ခဲ့ပါသည်

ဂျပန်စာနှင့် ဂျပန်စကားကို ကျွမ်းကျင်စွာတတ်‌မြောက်လိုသူများအတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ဂျပန်တွင် အလုပ်သွားလုပ်လိုသူများအား အလုပ်ရရှိရေး၊ပြည်ပထွက်ခွာခွင့်ရရှိရေး၊ဂျပန်နိုင်ငံသို့ချောမောစွာ ရောက်ရှိပြီး လုပ်ငန်းခွင် ၀င်ရောက်သည်အထိ ၀န်ဆောင်မှူပေးခြင်းများ ဆောင်ရွက် ပေးလျှက်ရှိပါသည်။

Goen Myanmar company limited၏၀န်ဆောင်မှုများ

  • ဂျပန်နိုင်ငံရှိ(အလုပ်သင်၊သင်တန်းသားလိုအပ်သည့်)ကုမ္ပဏီများနှင့်ချိတ်ဆက်၍ interview များစီစဉ်ပေးခြင်း။
  • interview အောင်၍ကျန်းမာ‌ရေး စစ်ဆေးမှုခံယူအောင်မြင်ပြီးပါက အလုပ်သမား၀န်ကြီးဌာနမှ တရား၀င်သတ်မှတ်ထားသည့်အနည်းဆုံး၀န်ဆောင်ခ(Agency fee)ဖြင့် စာချုပ် ချုပ်ဆိုခြင်း
  • ငွေကြေးအခက်အခဲရှိသူများအား (Agency fee)ပေးချရန် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေ၀န်ဆာင်မှုပးသော ဂျပန်ကုမ္ပဏီဖြင့် တိုက်ရိုက်ချိတ်ဆက် ပေးခြင်း
  • Smart Card သင်တန်းကြေးနှင့် Smart card သင်တန်းလျှောက်ထားပေးခြင်း
  • ဂျပန်နိုင်ငံသို့၀င်ရာက်ခွင့် COE (Certificate of Eligibility) လျှောက်ထားပေးခြင်း
  • ဂျပန်သံရုံးမှ တရား၀င်သတ်မှတ်ထား သော Visa Fee ဖြင့် Visa လျှောက်ထားပေးခြင်း။
   

GOEN နှင့် ဘာကြောင့် ဆက်သွယ်သင့်တာလဲ?

ဂျပန်စာ ဂျပန်စကားအပြင် ဂျပန်လူမျိုးတို့၏ ဓလေ့စရိုက်များ ၊ ယဉ်ကျေးမှု အလေ့ အထများ ၊ စည်းမျဉ်းစည်းကမ်းများ ၊ လုပ်ငန်းခွင် အသုံးအနှုန်းများကိုပါ စနစ်တကျ သင်ကြားပေးခြင်း။ မိမိရွေးချယ်လိုသည့် အလုပ်အကိုင်ပေါ်မူတည်၍ တက်ရောက်သင့်သည့် သင်တန်း များ တစ်နေရာထဲတွင်ရှိနေခြင်း။ ဂျပန်စာ ၊ ဂျပန်စကား တက်မြောက်ပြီးသော်လည်း တစ်ကြိမ်မျှ Interview မဝင်ဖူးသူ၊ အကြိမ်ကြိမ်ဖြေဆိုပြီးသော်လည်း မအောင်မြင်၍ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်း နေသူများ အတွက် လိုအပ်ချက်များကို အနီးကပ် သင်ကြားပေးမည့် Pre-Interview သင်တန်းများရှိခြင်း ၊ ဂျပန်စာ ၊ ဂျပန်စကားကိုလည်း GOEN မှာသင် ၊ ကိုယ့်ရွေးချယ်မှုအလုပ်အကိုင်နှင့် ပတ်သက်သည့်သင်တန်းကိုလည်း GOEN မှာတက် ၊ ဂျပန်နိုင်ငံမှာ အလုပ်သွား လုပ်ချင်သည့် ကိုယ့်အိပ်မက်ကိုလည်း GOEN မှာဆက်ပြီး ပုံဖော်နိုင်ပါပြီ ။

Image 2
Image 3
Image 1